ကိုရွာသားရေ..အသက်၂၀ကျော်နောက်ပိုင်းမှာ
အနော်တို့တွေအတွက်ပွင့်လန်းတဲ့ပန်းကလေးတွေ ရှိနိုင်ပေမယ့်အပြစ်ကင်းပြီး
ဖြူစင်တဲ့ပန်းလေးက ရှားပါးခဲ့ပြီလေ။ လူတိုင်းလူတိုင်း ပန်းလေးတစ်ပွင့်ကို
ပိုင်ဆိုင်ဖို့ရွေးချယ်ရပြီဆိုရင်တော့ အပြစ်ကင်းဖြူစင်တဲ့
အနာအဆာကင်းတဲ့ပန်းကလေးကိုလိုချင်ကြမှာပေါ့နော်...ဒါပေမယ့်အရာရာတိုင်းကို
လုပ်ကြံဖန်တီးလို့မရနိုင်တာကြောင့် ကံတရားရဲ့စေစားမှုအောက်မှာပဲ ဆေးစက်ကျရာ
အရုပ်ထင်ရင်း..တစ်သက်လုံးလက်တွဲသွားရမယ့်..အနော်တို့ရဲ့ပန်းကလေးတွေကရော..
ဘယ်လောက်များအပြစ်ကင်းနိုင်ကြတော့မှာလဲ...
အနည်းဆုံးတော့
ဆယ်ကျော်သက်အရွယ်မှာစိတ်လှုပ်ရှားခဲ့မှာပဲလေ..ဖွင့်မပြောပေမယ့်..လူတိုင်းရင်ထဲမှာတော့
စိတ်လှုပ်ရှားဖူးတဲ့ ဆယ်ကျော်သက်ဇာတ်လမ်းလေးတွေကတော့
ရှိခဲ့မှာအသေအချာ..။ဒါပေမယ့်အဲဒီဆယ်ကျော်သက်ဇာတ်လမ်းလေးတွေကလည်းရိုးသားဖြူစင်ပြီး
တဏှာရမ္မက်ကင်းခဲ့မှာလည်းဘယ်လိုလူမှ ငြင်းနိုင်မယ်မထင်ပါဘူး။ကိုရွာသားတင်စားခဲ့တာလဲ
ဆယ်ကျော်သက်ဇာတ်လမ်းလေးဖြစ်ခဲ့တယ်လေ....
အဲဒိတော့ ဆယ်ကျော်သက်က
ဇီဇ၀ါလေး တစ်ပွင့်အကြောင်းပဲ တင်စားစို့ရဲ့.....
နိဒါန်း
ရွှေစက်တော်သွားတဲ့
ခရီးလမ်းတစ်လျှောက်..နွေနေကပူ..လမ်းဘေးက သစ်ပင်တွေက ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့တာကို
အိပ်ချင်စိတ်နဲ့
ဦးတည်ရာမဲ့ငေးနေရင်း...ကက်ဆက်ကထွက်ပေါ်နေတဲ့မြူးကြွကြွသီချင်းသံကြောင့်သာအိပ်မပျော်ခဲ့တာပါ။
အကိုငယ်
ကားမောင်းတာမြန်လွန်းလှချည့်ရဲ့ ....နောက်ကားတွေလည်းတစ်စီးမှပါမလာဘူး...လမ်းပေါ်မှာငါတို့ကားတစ်စီးတည်းပါလားလို့
တွေးတုန်း...ရွှေစက်တော်ရောက်ဖို့မိုင်တွေများစွာသိပ်မလိုတော့တဲ့
ခရီးမှာပဲ..ကိုယ်တွေလို ပါပလစ်ကာကားလေးတစ်စီး
လှစ်ခနဲနောက်မှာရောက်လာတယ်..မြန်လိုက်သည့်ဖြစ်ခြင်း..သြော်မြန်ပေမပေါ့ သူတို့က
၃က/----ပေကိုး (အမှတ်မထင်ဘဲ မျက်လုံးက နံပါတ်လေးလုံးကိုဖတ်မိပြီးသား) ငါတို့က
လ/---အက္ခရာပေပဲလေလို့ ရောက်တတ်ရာတွေးရင်း
အိပ်ချင်စိတ်တွေပျောက်ကွယ်သွားတယ်(လမ်းတလျှောက်မှာကိုယ်တစ်စီးတည်း ထီးထီးချည်းမှ
မဟုတ်တော့ပဲလေ)
ကိုယ်တို့ကားပေါ်မှာတော့
မိသားစုတစ်ခုလုံး..အိမ်ကထမင်းချက်အမ..ဆိုင်မှာကူလုပ်တဲ့အကို့သူငယ်ချင်း စသည်ဖြင့်
အကုန်လုံးကိုခေါ်ပြီး ..စည်ကားနေတာပဲ...သူတို့ကားပေါ်မှာက ယောကျာင်္းလေး ၎
ယောက်တည်း..ဖြစ်နိုင်ချေရှိတာက ရှေ့ခန်းက ၂ ယောက်က ညီအကို နောက်ခန်းက သူငယ်ချင်း၂
ယောက်။ ရှေ့ခန်းကတစ်ယောက်ကတော့ နေကာမျက်မှန်တော်တော်ကြိုက်ပုံရတယ်။မချွတ်တမ်းကိုဝတ်ထားလေတာ။
အကိုငယ်ကကျော်တက်ဖို့လမ်းပေးပေမယ့်
ကျော်မတက်ဘဲ တစ်လမ်းလုံးနောက်ကပဲလိုက်မောင်းနေခဲ့တာ ရွှေစက်တော်ရောက်တဲ့ထိ...
ထမင်းဆိုင်တွေနားရောက်တော့
heat တက်နေတဲ့ကားကို အနားပေးဖို့ရယ်..ဆာနေတဲ့ဗိုက်တွေကို
ဖြည့်ဖို့ရယ်..ဆိုင်တွေရှေ့မှာရပ်လိုက်တယ်..သူတို့ကားကတော့ ကိုယ်တို့ကို
အသေအချာကြည့်ပြီး ကျော်တက်သွားခဲ့တယ်။
စားသောက်ပြီးတော့
တည်းစခိုရာနေရာရှာတော့ ကမ်းစပ်နားနီးရာပဲ
ရွေးလိုက်ကြတယ်လေ..ယောကျာ်းလေးတွေတစ်ခန်းမိန်းကလေးတွေတစ်ခန်း..ကပ်လျက်နှစ်ခန်း..ညဘက်ကျရင်
ငွေရောင်သမ်းနေတဲ့ရေပြင်ကြည်ကြည်လေးကို ခံစားချင်သေးသကိုကွယ်.....
ကိုယ်တို့ပစ္စည်းတွေနေရာချပြီး
ဘုရားခြေတော်ရာသွားဖူးကြစို့ရဲ့လို့ ..အခန်းထဲကထွက်လိုက်ပြီး အပြင်ဖက်
ဝါးကြမ်းခင်းပေါ်ခြေချလိုက်တော့...“အလို...သူတို့ကားလေးကလဲ
မျက်နှာချင်းဆိုင်တန်းလျားရှေ့မှာပါလား”
ညဖက်ရောက်လို့မိသားစုတွေ
ရေပြင်ကမ်းစပ်ဘေးလမ်းလျှောက်ထွက်တော့ သူတို့ကလဲ တည်းခိုရာတန်းလျားရဲ့
အနီးအနားရေစပ်မှာ
ဂစ်တာလေးတီးလို့...သီချင်းလေးက ထူးအိမ်သင်ရဲ့
“လမ်းဘေးကဖေးလေးငါထိုင်ငေး..အစချီတဲ့သီချင်းလေး” ၁၀တန်းဖြေပြီးစ ၁၆နှစ်နီးပါးရွယ်
ကလေးသာသာအရွယ်မို့ ဘာမှကိုစိတ်မ၀င်စားခဲ့ပါဘူး..စိတ်ထဲကတော့တွေးမိတယ်။။ငါလဲအသက်ကြီးလာရင်သူတို့လိုကိုယ်တိုင်ဂစ်တာတီးပြီး
သီချင်းဆိုချင်လိုက်တာပေါ့....လမ်းလျှောက်ထွက်ရင်းနဲ့မေ့ကို ဈေးတန်းထဲက
အော်ဂင်လေးပူဆာပြီး အခန်းပြန်ရောက်တော့ အညွှန်းအတိုင်း အဲဒိအော်ဂင်လေးကိုတီးနေတာ
ဂစ်တာတီးချင်တဲ့စိတ်ဖြေရာတစ်ခုတော့ရခဲ့တယ်။
ကိုယ်တို့နေခဲ့တဲ့ ၃ ရက်တာခရီးစဉ်မှာ
စားချင်တာစား..သွားချင်တာသွား..ဆော့ကြ စကြ နောက်ကြနဲ့
အရမ်းကိုပျော်ခဲ့တယ်(တကယ်တော့ ရွှေစက်တော်သွားတဲ့အခေါက်တိုင်း
ကိုယ်ပျော်ခဲ့တာပါ...မျှစ်ခြောက်တွေဝယ်လာပြီးအိမ်ကျ
တစ်ဝကြီးကြော်စားလို့ရတယ်လေ)။ကိုယ်တို့ပြန်တဲ့ထိ သူတို့မပြန်သေးဘူး..ကျန်ခဲ့တယ်။
ဒီလိုနဲ့ကျောင်းတွေလည်းပြန်မဖွင့်သေးတာမို့..ဆိုင်မှာပဲကူထိုင်နေခဲ့တယ်။
အလယ်
ရွှေစက်တော်ကပြန်လာပြီးလို့
၁၀ရက်လောက်ကြာတော့ ဈေးရုံထဲကနေလှမ်းမြင်နေရတဲ့ ကားပါကင်ကို
ပျင်းပျင်းနဲ့ထိုင်ကြည့်နေတော့..မြင်ကွင်းထဲမှာ စူပါရုဗ် ဖင်ကောက် ၈က/
လေးတစ်စီးလာရပ်တယ်။ ကားပေါ်က ဆင်းလာတာ နေကာမျက်မှန်နဲ့ကိုယ်တော်..
ဟုတ်မှဟုတ်ရဲ့လားလို့သေချာစိုက်ကြည့်မိတယ်။ အသေအချာပါပဲ..ကားလဲလိုက်လို့သာ.
ဇဝေဇ၀ါဖြစ်သွားတာ။သူကလဲ
ပိုက်ဆံအိတ်လေးကိုခါးကြားကထုတ်ယူ..ကားသော့လေးထည့် နေကာမျက်မှန်ကို နဖူးပေါ်ပင့်တင်
“ဟူး” ခနဲလေပူတွေကိုတစ်ချက်မှုတ်ထုတ်ရင်း...ရှေ့တူရှူကို ကြည့်တဲ့အခိုက်မှာ
ကိုယ့်ကိုမြင်သွားတော့ အံ့သြတကြီးမှင်သက်သွားတဲ့အမူအရာ..
ကိုယ်လဲအံ့သြလို့ကိုယ်လေးတောင်ဆတ်ခနဲတုန်သွားခဲ့ပါရဲ့.
ရှေ့ဆိုင်ကိုအလည်လာတဲ့အမတစ်ယောက်ကသူဆိုင်ရှေ့ကကျော်သွားတော့
အံ့သြောတကြီးနဲ့..“ဟောတော့ ဖြိုး..နင်သိလားသူ့ကို chemistry King ရဲ့သူငယ်ချင်းလေ”
ဆိုတော့ ရှေ့ဆိုင်ကမဖြိုးက “သူလား..king သူငယ်ချင်းက..သူကရွှေဆိုင်တန်း“---”
ရွှေဆိုင်ကလေ..နာမည်တော့ငါမသိဘူး။” “သူတို့သူငယ်ချင်းနှစ်ယောက်က
မာနကြီးတာတော့မဟုတ်ဘူးဟ..ဒါပေမယ့်ဘယ်သူနဲ့မှ မရောဘူး...ခပ်တည်တည်ကြီးတွေနေကြတာ”
ဆိုတဲ့မဖြိုးသူငယ်ငယ်ချင်းရဲ့စကား။။တကယ်တော့မင်းဟာ သဇင်ဖြစ်ခဲ့လေသလားကွယ်။
တစ်ဆက်တည်းမှာပဲ
တစ်မြို့နယ်တည်း တစ်ဈေးတည်းမှာနေပြီး ခုမှမြင်ဖူးတယ်လို့တွေးမိတယ်...
ပြန်ထွက်သွားတော့လည်း
လမ်းနှစ်လမ်းရှိရာမှာ ကိုယ်တို့ဆိုင်ရှေ့က လမ်းကိုပဲ
သူလျှောက်ပြန်ခဲ့တယ်။နောက်နေ့တွေက စလို့ တတိယနှစ်ကျောင်းသားကြီး ကားရပ်ရာနေရာတွေက
ကိုယ်တို့ဆိုင်ရှေ့တည့်တည့်..နေရာမရှိရင်တောင်
ရှိအောင်စောင့်ရပ်တယ်။ကားပါကင်စောင့်တဲ့ကောင်လေးဆို
သူ့အတွက်နေရာအမြဲဦးပေးတတ်ခဲ့တယ်။ သူ့ဆိုင်ကိုလာနေကျ အချိန်က ၁၁
နာရီ။။ပြန်သွားတဲ့အချိန်က ၂ နာရီ။။ ၅ရက်လောက်ကြာတော့ကိုယ်လဲ သတိထားမိတတ်ပြီလေ။ လာတိုင်းပြန်တိုင်းလဲ
ကိုယ့်ကို ခိုးကြည့်ခဲ့တယ်။ ကိုယ်ကတော့ ရှက်တတ်လာပြီ။သူက အမြဲခိုးကြည့်တာကိုး.....
ညနေဈေးပိတ်ပြန်တော့ အမြဲမတိုက်ဆိုင်တတ်ပေမယ့် တခါတရံတိုက်ဆိုင်သွားရင်တော့
သူ့အဖေကိုလာကြိုတဲ့ သူ့ကားလေးကအရှေ့ကဖြစ်သွားတတ်တယ်။ အဲဒီအခါ
နောက်ကြည့်မှန်မှာပေါ်နေတတ်တဲ့ သူ့မျက်နှာအစိတ်အပိုင်းလေးကိုကြည့်ရတာကိုက
တစ်မျိုးလေး ရင်ထဲဖြစ်တယ်။ သူ့လမ်းထိပ်ရောက်လို့
ကားလေးချိုးကွေ့ဝင်သွားပြီး..ကိုယ်တို့ကားလေးကျော်သွားတဲ့အခါတိုင်း
လမ်းခရီးမှာကိုယ့်အတွက်
စိတ်ဝင်စားစရာကတော့မကျန်တော့ဘူး။သွားနေပြန်နေကျလမ်းတွေကိုး..ဘာထူးဆန်းလေမလဲကွယ်..
ဒီလိုနဲ့
နာမည်လေးတွေတောင်မသိခဲ့ရဘဲ(တကယ်တော့သူကတော့ဆိုင်ရှေ့ကဖြတ်သွားတဲ့အခိုက်
တစ်ခေါက်မဟုတ်တစ်ခေါက်တော့ ကိုယ့်နာမည်
အဖျားဆွတ်လေးကိုတစ်ယောက်ယောက်ခေါ်ရင်ကြားဖူးခဲ့မှာပါ.ကိုယ်သာမသိခဲ့ရတာ)နေ့စဉ်၂ခေါက်အနည်းဆုံးအကြည့်ချင်းဆုံခဲ့ရတဲ့နေ့ရက်များစွာကိုကျော်ဖြတ်ပြီးတော့
ကိုယ်လဲ ကျောင်းသွားတက်ခဲ့ရတယ်....
နွေနေပူအောက်ကကျောင်းရဲ့မြေနီနီလမ်းကလေးကို
ငေးရတာက...ဆိုင်ရှေ့ကတံလျှပ်ရောင်ထ, နေတဲ့ ကားပါကင်ကိုစောင့်ကြည့်
ု့ရတာလောက်တော့ရင်ခုန်ဖို့မကောင်းခဲ့ဘူး။
နှင်းမုန်ကြား မှာ T
Square လေးကိုင်။ကျောပိုးအိတ်လေးလွယ်.. ဖယ်ရီပေါ်က ဆင်းပြီးလမ်းလျှောက်ရင်း
နှင်းဝေနေတဲ့လမ်းလေးကို မျှော်ငေးကြည့်ရတာလဲ..နှင်းမှုန်တွေနဲ့အုပ်ဆိုင်းနေတဲ့
သူနေ့တိုင်းကားချိုးကွေ့ရာလမ်းလေးကိုကြည့်ရတာလောက်တော့ အရသာမရှိဘူး။
မိုးတွေ
တအုန်းအုန်းရွာတဲ့အခါ မြေနီရောင် ရွှံ့ရေတွေ စီးဆင်းနေတဲ့
ကတ္တရာလမ်းပေါ်မှာရပ်ထားတတ်တဲ့ကျောင်းသားတချို့ရဲ့ကားတွေကို
အကြည့်တစ်ချက်ရောက်မိတိုင်း..
ဝိုင်ဘာနဲ့ကားမှန်ပေါ်ကမိုးရေစက်တွေကို
သပ်ချပြီး ဆိုင်ပေါ်ကို မျှော်ငေးကြည့်မယ့်သူ့ကိုပဲမြင်ယောင်တော့တယ်။
ဒါပေမယ့် ဖြေသာစရာတစ်ခုက
စနေကျောင်းပိတ်တိုင်းဈေးလိုက်တဲ့အခါသူနဲ့တွေ့နေရတာပဲပေါ့..သူကလည်းစနေမှ
ကိုယ်လာနိုင်မှန်းသိတော့ အရင် ပုံမှန်ဆိုင်ရှေ့ကဖြတ်တာ ၂ ခေါက်ပေမယ့်
စနေနေ့တိုင်းမှာ ၈ခေါက်၉ခေါက်ထက်မနည်းကို ဖြတ်လျှောက်နေတတ်တော့
ပတ်ဝန်းကျင်ကတချို့လူတွေလဲသိခဲ့ပေါ့။ဒါပေမယ့် .....ကိုယ်ကအမြဲဆိုင်ပေါ်က
ဆိုင်အောက်ကိုမဆင်းသူ..သူကလည်း တည်တံ့သူ...ဒီလိုနဲ့ပဲ...ဒီအဆင့်ကနေကိုမတက်တော့တာပါ.....
ကိုယ့်ကျောင်းတွေပိတ်တဲ့အချိန်ကျတော့
နေ့တိုင်းနီးပါးကို ဆိုင်ထိုင်ဖြစ်ခဲ့တယ်..အဲဒိအချိန်မှာအပျော်ဆုံးကသူ.....
ဆိုင်ပတ်ဝန်းကျင်ကလူတွေကလည်းပြုံးမြမြနဲ့သူလာရင်ဘာကြောင့်လာတယ်ဆိုတာသိတတ်ခဲ့ပြီ။
တော်သေးတာတစ်ခုကကိုယ့်လူကြီးတွေမရိပ်မိခဲ့တာပဲ...
သူကတော့ကိုယ့်အကြောင်းအကုန်နီးပါးလောက်ကိုစုံစမ်းသိထားတဲ့ပုံ..မလစ်လို့သာနေရတာ..ကိုယ်ကလည်း
.ငယ်ရွယ်သေးတဲ့အချိန်.လူကြီးတွေလစ်သွားမှာကိုပဲကြောက်တယ်။လူကြီးနားအမြဲကပ်နေတတ်ခဲ့တာ။
တစ်နေ့တော့ ..မှတ်မှတ်ရရ
ကိုယ်စတုတ္ထနှစ်မှာ ကိုယ်တို့ဈေးကြီးကိုပြန်ပြင်ဆောက်တော့မှာမို့
ဆိုင်တွေကလည်းအသစ်ပြန်ရရင် အရင်နေရာဟုတ်ချင်မှဟုတ်တော့မယ်။
အသစ်ဆောက်နေစဉ်အချိန်တွင်းမှာလည်း တခြားပြုပြင်ပြီးသားနေရာတွေမှာ
ကြုံသလိုယာယီငှားပြီးထွက်ရမှာဆိုတော့...အရင်ပြင်ရမယ့်ဈေးရုံကလူတွေအလုပ်ရှုပ်ပြီပေါ့။။ကိုယ်တို့ကအရင်ပြင်ရမှာ..အဲဒိအချိန်မှာလေ..သူ..ပျာယာတွေခတ်နေလိုက်တာ...ကိုယ်တို့ဘယ်နေရာကိုရောက်သွားမယ်မှန်းလဲသူမသိဘူးလေ..သူများကိုမေးရအောင်လည်း
ဘယ်သူ့မှသူမသိ..ယောက်ယတ်ခတ်ပြီး
လူးလာခေါက်ပြန်ကိုသွားနေတော့တာ...ညီအကို၂ယောက်သာရှိပြီး
အကြီးဆုံးသားလည်းဖြစ်တဲ့သူ့မျက်နှာလေးဟာ ဇီးရွက်လောက်ပဲရှိတော့တယ်။။ မဖြိုးသူငယ်ချင်းရယ်..သူဟာသဇင်တစ်ခက်ယောင်ဆောင်ဖြစ်ခဲ့ပေမယ့်..တကယ်တော့
ဖြူစင်လွန်းတဲ့ အဆိပ်တောက်မဲ့ဇီဇ၀ါလေးရယ်ပါ။။
အဲဒိနောက်တော့ကိုယ်တို့ဈေးရုံတွေလည်းပြောင်း...ကျောင်းတွေလည်းပြန်ဖွင့်
..များပြားလှတဲ့ စာတွေကြားမှာ ကျောင်းတွေပြေးရင်း..သူမသိလို့မလာနိုင်တော့တဲ့ဈေးကို
လိုက်ဖို့စိတ်လည်းမ၀င်စားတော့လို့ အိမ်မှာပဲ
အားလပ်ချိန်မှာစာအုပ်တွေဖတ်ရင်းကိုယ်သူ့ကိုမေ့လျော့နေခဲ့မိတယ်။
တကယ်တော့သူကရုပ်ဖြောင့်ပြီးယောကျာင်္းပီသသူ
အနေတည်ကြည်သူမို့..ကြိုက်သူပေါများလှသူပါ..ဒါပေမယ့်ကိုယ့်အကျင့်ကလဲ..သူများသည်းသည်းလှုပ်ကြိုက်ပြီး
ဝိုင်းအုံနေခဲ့ရင် အဲဒိဝိုင်းအုံနေသူတွေထဲမပါဝင်လိုတာကြောင့် မေ့ပျောက်ခြင်းသာအကောင်းဆုံးလို့တွက်ထားခဲ့တာပါ..သူကတော့ကျယ်ပြန့်ကြီးမားလှတဲ့ဈေးကြီးထဲမှာကြုံရင်ကြုံသလိုလိုက်ရှာနေခဲ့ပုံရရဲ့။
ဝိုင်းအုံနေခဲ့ရင် အဲဒိဝိုင်းအုံနေသူတွေထဲမပါဝင်လိုတာကြောင့် မေ့ပျောက်ခြင်းသာအကောင်းဆုံးလို့တွက်ထားခဲ့တာပါ..သူကတော့ကျယ်ပြန့်ကြီးမားလှတဲ့ဈေးကြီးထဲမှာကြုံရင်ကြုံသလိုလိုက်ရှာနေခဲ့ပုံရရဲ့။
နိဂုံး
စနေနေ့တစ်ရက် စတုတ္ထနှစ်
အတန်းတင်စာမေးပွဲပြီးလို့ဈေးကိုလိုက်သွားခဲ့တယ်။ သူလေ..သူ့သူငယ်ချင်းတစ်ယောက်ကိုစကားတပြောပြောနဲ့
ပုခုံးကိုဖက်ပြီး ဟိုဆိုင်ကိုမသိမသာကြည့်
ဒီဆိုင်ကိုမသိမသာကြည့်နဲ့ကိုယ်တို့ဆိုင်နားကိုရောက်လာခဲ့တယ်။
အမှတ်တမဲ့ကိုယ့်ကိုမြင်လိုက်တဲ့အခိုက်မှာ..တကယ်ပါပဲ..ကိုယ်တို့ ၂ယောက်လုံး
ပါးစပ်အဟောင်းသားနဲ့ကြက်သေ,သေသွားခဲ့ကြတယ်။ အဲဒိအချိန်မှာလေ..ကမ္ဘာလောကကြီးက
တိတ်ဆိတ်..အပ်ကျသံတောင်မကြားရတော့အောင်..တစ်လောက,လုံးမှာ
၂ယောက်တည်း(ဟဲဟဲ..အနုအရွလေးတွေထည့်ကြည့်တာ...အဖြစ်သား :P)
တိတ်ဆိတ်သွားတဲ့သူ့ကိုသူ့သူငယ်ချင်းကလှည့်ကြည့်ပြီး
သူ့မျက်လုံးဦးတည်ရာကိုတွေ့လိုက်တဲ့အခါ ကင်းလေးက နှုတ်ခမ်းလေးကွေးညွတ်သွားအောင်ပြုံးတယ်။ကိုယ်လဲသတိဝင်ခဲ့ပြီလေ..တချိန်တည်းဆိုသလိုမေက
ကိစ္စတစ်ခုခိုင်းတာကြောင့်ဆိုင်ပေါ်က ၀ုန်းကနဲခုန်ချဆင်းပြီး
မေခိုင်းတာလုပ်ဖို့ထွက်လာခဲ့လိုက်တယ်။
ကိုယ့်ဆိုင်ကိုတော့သူတို့တော်တော်ကျော်သွားခဲ့ပြီ။ လူတွေရှုပ်တာကြောင့်..ကြားမှာ
၂ယောက်ပဲကျန်တော့တဲ့အကွာအဝေးမှာလေ..သဇင်လေးဆီက
စကားလေးတစ်ခွန်းကြားခဲ့ရတယ်...“တော်သေးတာပေါ့ကွာ..နောက်ဆုံးတော့ပြန်တွေ့သွားပြီ။နေရာလေးသိနေရတော့တော်သေးတာပေါ့..သူအရင်လိုပါပဲ
ဘာမှမပြောင်းလဲဘူး”
တဲ့...ဇီဇ၀ါလေးရယ်..ပျော်လိုက်တာလေ..မင်းဟာဘယ်သူ့အတွက်သဇင်ဖြစ်နေဖြစ်နေ
ကိုယ့်အတွက်တော့ဇီဇ၀ါဖြစ်နေခဲ့တာပါပဲ။
အဲဒိလိုနဲ့ တစ်ချိန်က
သဇင်လေးတစ်ခက်ဟာ ကိုယ့်ရင်ထဲမှာ အပြစ်ကင်းဖြူစင်တဲ့ ဇီဇ၀ါတစ်ပွင့်အဖြစ်
ဖူးပွင့်ခဲ့ဖူးတယ်။
(ကိုရွာသားကတဂ်တာဆိုတော့ကိုရွာသားလိုပဲ
...ဒီလိုပဲ....အဆုံးသတ်ပါရစေနော်။ရည်းစားတော့မဖြစ်ခိုင်းလိုက်တော့ဘူး။
တော်ကြာအိမ်ကလူတွေဖတ်မိသွားရင်ဆူမှာစိုးလို့ :D)
မှတ်ချက်။
။တစ်ကယ့်အဖြစ်မဟုတ်ပါ။တစ်ယောက်ယောက်ကိုကြိုက်ပြီးရေးမှ ဒီပို့စ်က တဂ်သူအကြိုက်
ပီပြင်မှာမို့ တစ်ယောက်သောသူကို ပြေးပြီးတော့ကြိုက်လိုက်ရပါကြောင်း။
ဆုတောင်း။
။ငယ်စဉ်ကအချစ်နဲ့ လက်ရှိအချစ်တို့တစ်ထပ်တည်းကျသူတိုင်း အဆတိုးပြီးချစ်နိုင်ကြပါစေ။
ငယ်စဉ်ကအချစ်ဦးနဲ့လွဲခဲ့ကြသူတိုင်း...လက်ရှိအချစ်ကိုပဲကျေနပ်ပျော်ရွှင်ပြီး
သစ္စာရှိစွာချစ်မြတ်နိုးနိုင်ကြပါစေလို့ဒီပို့စ်လေးမှာ
ဆုတောင်းလိုက်ပါတယ်။
0 comments:
Post a Comment