ပွင့်ပွင့်လင်းလင်းဝန်ခံရရင်တော့ ကိုရွာသားရဲ့ကဗျာလေးခေါင်းစဉ်လေးကိုသဘောကျလို့......စိတ်ကဘယ်လိုဖြစ်လာတယ်မသိ
ဒီကဗျာလေးက
၃မိနစ်အတွင်းထွက်လာတယ်။
အဲဒါနဲ့ပျောက်သွားမစိုးလို့တင်လိုက်တယ်။နောက်မှလိုတာပြန်ဖြည့်မယ်ပေါ့။
ခုတော့ဖောင်ဒေးရှင်းနဲ့လွှတ်လိုက်မယ်။။အားမှ
မိတ်ကပ် နှုတ်ခမ်းနီ ပါးနီလေးတွေဆိုးမယ်လေ။ :)
သစ်ရွက်ရယ်တခြောက်ခြောက်
တဖြောက်ဖြောက်ရယ်ကြွေ
ပင်ယံကိုမော့ကာကြည့်တော့
ကိုင်းခြောက်တွေ ..ဝေ
အခက်ရယ်
မခိုင်တော့ချင်သမို့...
ပင်မြင့်ကိုလေပင့်ရင်ပ..
ဂျိုးဂျွတ်ရယ်မြည်သံပေးလို့
မြေထက်မှာကြွေ..
ပင်အောက်ရောက်လေတော့
တုံးလုံးရယ်မြေမှာခ ရတဲ့
ထင်းခြောက်ရယ်လေ..
အရိပ်ရယ်စိမ်းစိုစဉ်က..
တခေါက်တလေ
ခိုနားဖူးပေမယ့်...
အရွက်တုံးကာ
ပင်ပျိုဆုံးတော့.
ကိုင်းခက်ကိုဖြို...
လိုရာကိုသုံးသူအတွက်...
တစ္ဆေရယ်အစဉ်ခြောက်.....
သူအီးပေါက်မှာကြောက်သမို့...
အမေရယ်......
ထင်းမကောက်ချင်ဘူး.....:P
အကိုတော်ရွာသားလေးရဲ့မူရင်းကဗျာကတော့
ဒီလိုပါ။
”သစ်ခြောက်ပင်”
စိမ်းစိမ်းရယ် မစို
သစ်ခြောက်ပင်အို
....
တောင်ထိပ်မှာ
တစ်ပင်တည်း
ထီးထီးရယ် ကျန်
လေဆန်လည်း
သူမလဲ
လေထန်လည်း
သူမလဲ
အရိပ်ရယ်
မခိုအားတော့
သောင်းသောင်းချီ
ငှက်ပလီဘယ်မနားတယ်
အားကငယ်ငယ်
အနားက
ကလူဆယ်
အကိုင်းခို
တစေ(သရဲ)ခြောက်တောင်
အပန်းပြေ
ငါမကြောက်ပေါင်
ထပ်ခြောက်ပါလှည့်
.....
အကိုတော်ကရှေ့ကလက်နဲ့ရေးး
ညီမတော်က နောက်ကခြေနဲ့လိုက်ဖျက်တယ်လို့တော့ အထင်မမှားကြပါနဲ့နော်။
အဲဒိခေါင်းစဉ်ကြည့်ပြီး အဲလိုကြီးကိုရေးလိုက်ချင်စိတ်ပေါက်လာပြီး ၃မိနစ်အတွင်း
အဲလိုပေါက်တီးပေါက်ရှာဖြစ်သွားလို့ပါ။ ခွင့်လွှတ်ကြစေကုန်။ ;D
0 comments:
Post a Comment