Tuesday, February 4, 2014

တောင်းဆု



ခုချိန်မှာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ချစ်သမီးရေ...။
ဘာဆုကိုလိုချင်သလဲ
တောင်းနိုင်လေရဲ့လို့...ဆိုခဲ့ရင်။

တောင်းပါရစေဘုရားရှင်...
သမီးကို သံယောဇဉ်ကြီးသူအဖြစ်မဖန်တီးပေးပါနဲ့။
အစွဲအလန်းကြီးသူအဖြစ်ကလွတ်မြောက်ခွင့်ပေးပါ။
အရာရာခံစားတတ်သူမဖြစ်ပါရစေနဲ့။
သမီးရဲ့ အသည်းနှလုံးနုနုအစား
အရာရာနီးပါးတိုင်းအတွက်
ဥပေက္ခာဆန်ဆန်ခံစားနိုင်တဲ့
နှလုံးသား ခပ်မာမာတစ်ခုကို

တစ်ဘ၀စာအတွက်ပေးသနားတော်မူပါ။


ကြည်ဖြူပိုင်

5 comments:

Anonymous said...

ထရီဆာဘလော့ကနေ ခြေရာလေးကောက်မိရင်း ရောက်လာခဲ့ပါတယ်...လင့်ခ်ချိတ်ဖို့ ယူသွားပါတယ်နော်၊ ခွင့်ပြုပေးပါ :) :P

Ko Zey said...

မပြည့်တဲ့ဆုတောင်းနဲ့ မှားတဲ့ဆုတောင်း ဘယ်ဟာယူမလည်း.. ဘဝမှာ ရွေးချယ်ခွင့်က အဲလိုရှိတယ်။

(ညီမတစ်ယောက်ရဲ့စကား လာမန့်သည်) :P

ကြည်ဖြူပိုင် said...

ထရီဇာ ကိုဇေ ကျေးကျေးနော်း)

ရင်ငြိမ်းသူ said...

ရောက်လာခဲ့ပြီ မမ. လင့်ခ်လည်းယူသွားပြီနော်

ကြည်ဖြူပိုင် said...

ရင်ငြိမ်းသူ >>> ကျေးဇူးပါ ညီမလေးရေ။ အမကစိတ်ထင်ရာလျှောက်လုပ်တတ်တော့ ဟိုလင့်ခ်ဒီလင့်ခ် ပြောင်းနေရတာ အားနာလိုက်တာ