Friday, April 18, 2014

င့ါအတွက် မဖြစ်တဲ့ နင်



မင်းဟာ ကဗျာလေးတစ်ပုဒ်ဖြစ်ခဲ့ရင်

အဓိပ္ပါယ်တွေကို ဖော်ပြနိုင်တဲ့

ခေါင်းစဉ်လေးတစ်ခု ဖြစ်ချင်တယ်။


မင်းဟာ ဂစ်တာလေးတစ်လက်ဖြစ်ခဲ့ရင်

သံစဉ်တွေကိုဖန်ဆင်းပေးနိုင်တဲ့

ဂစ်တာကြိုးလေးတွေ ဖြစ်ချင်တယ်။


မင်းဟာ ကောင်းကင်ကြီးတစ်ခုဖြစ်ခဲ့ရင်

မင်းအလှကို ဖြည့်ဆည်းပေးနိုင်တဲ့

ပြာလွင်လွင်တိမ်တိုက် ဖြစ်ချင်တယ။်


မင်းဟာ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ရင်

မွှေးမြတဲ့ ရနံ့လွင်လွင်လေးကို ဖန်တီးပေးနိုင်တဲ့

ဝတ်ဆံပွင့်ဖတ်လေးတွေ ဖြစ်ချင်တယ်။


မင်းဟာရှပ်အင်္ကျီလေးတစ်ထည်ဖြစ်ခဲ့ရင်

မင်းရင်မှာ အမြဲခိုတွယ်ခွင့်ရနိုင်တဲ့

အိပ်ကပ်လေးတစ်ခု ဖြစ်ချင်တယ်။


မင်းဟာ နှုတ်ခမ်းလေးတစ်စုံဖြစ်ခဲ့ရင်

မင့်နှုတ်ဖျားမှာ အချိန်အများဆုံးတွဲခိုခွင့်ရတဲ့

စီးကရက်လေးတစ်လိပ် ဖြစ်ချင်တယ်။


မင်းဟာ အရုပ်လေးတစ်ရုပ်ဖြစ်ခဲ့ရင်

လူတွေချစ်အောင် ပြုံးလဲ့တောက်ပနေနိုင်တဲ့

နှုတ်ခမ်းလေးတစ်ခု ဖြစ်ချင်တယ်။


မင်းဟာ ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့ရင်

လေဟုန်ကိုခွင်း မင်းလိုရာခရီးကိုပို့ပေးနိုင်မယ့်

အင်အားပြည့်တဲ့ တောင်ပံတစ်စုံ ဖြစ်ချင်တယ်။


မင်းဘယ်အရပ်ကိုသွားသွား 

မင်းနောက်က တဖ၀ါးမခွာ အရိပ်လိုတွယ်ကပ်

မျက်လုံးလေးတစ်ချက်အဝေ့နဲ့တင်

မင်းဆန္ဒတွေပြည့်စေဖို့ ဖြည့်ဆည်းပေးချင်ပေမယ့်


ကိုယ့်အချစ်ရိပ်အောက်မှာ မပျော်လိုသူအတွက် 

သွားလိုရာ သွားစေတော့ရယ်လို့

ပြုံးပြုံးလေးသာ ကြည့်နေမိရဲ့....


နှလုံးသားဒဏ်ရာအပြည့်နဲ့

အရာရာ ရှုံးနိမ့်နေခဲ့သူမို့

အနိုင်ယူလိုသူတွေ ပျော်ရွှင်ကြစေဖို့.....



အားလုံးနဲ့ ခပ်ခွာခွာ 

အမှောင်ကမ္ဘာမှာ 

ကိုယ်တစ်ယောက်ထဲတိတ်တိတ်လေးသာ....



ကြားဖူးပါရဲ့..

နာက်ဆုံးစကားလေးတစ်ခွန်းက

ဖူးစာဆိုတာ ဦးရာလူတဲ့လားကွယ်။။။။။။။။




photo credit: Google

0 comments: