Showing posts with label ကဗျာလိုလို ဘာလိုလို. Show all posts
Showing posts with label ကဗျာလိုလို ဘာလိုလို. Show all posts

Friday, April 18, 2014

င့ါအတွက် မဖြစ်တဲ့ နင်



မင်းဟာ ကဗျာလေးတစ်ပုဒ်ဖြစ်ခဲ့ရင်

အဓိပ္ပါယ်တွေကို ဖော်ပြနိုင်တဲ့

ခေါင်းစဉ်လေးတစ်ခု ဖြစ်ချင်တယ်။


မင်းဟာ ဂစ်တာလေးတစ်လက်ဖြစ်ခဲ့ရင်

သံစဉ်တွေကိုဖန်ဆင်းပေးနိုင်တဲ့

ဂစ်တာကြိုးလေးတွေ ဖြစ်ချင်တယ်။


မင်းဟာ ကောင်းကင်ကြီးတစ်ခုဖြစ်ခဲ့ရင်

မင်းအလှကို ဖြည့်ဆည်းပေးနိုင်တဲ့

ပြာလွင်လွင်တိမ်တိုက် ဖြစ်ချင်တယ။်


မင်းဟာ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ရင်

မွှေးမြတဲ့ ရနံ့လွင်လွင်လေးကို ဖန်တီးပေးနိုင်တဲ့

ဝတ်ဆံပွင့်ဖတ်လေးတွေ ဖြစ်ချင်တယ်။


မင်းဟာရှပ်အင်္ကျီလေးတစ်ထည်ဖြစ်ခဲ့ရင်

မင်းရင်မှာ အမြဲခိုတွယ်ခွင့်ရနိုင်တဲ့

အိပ်ကပ်လေးတစ်ခု ဖြစ်ချင်တယ်။


မင်းဟာ နှုတ်ခမ်းလေးတစ်စုံဖြစ်ခဲ့ရင်

မင့်နှုတ်ဖျားမှာ အချိန်အများဆုံးတွဲခိုခွင့်ရတဲ့

စီးကရက်လေးတစ်လိပ် ဖြစ်ချင်တယ်။


မင်းဟာ အရုပ်လေးတစ်ရုပ်ဖြစ်ခဲ့ရင်

လူတွေချစ်အောင် ပြုံးလဲ့တောက်ပနေနိုင်တဲ့

နှုတ်ခမ်းလေးတစ်ခု ဖြစ်ချင်တယ်။


မင်းဟာ ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့ရင်

လေဟုန်ကိုခွင်း မင်းလိုရာခရီးကိုပို့ပေးနိုင်မယ့်

အင်အားပြည့်တဲ့ တောင်ပံတစ်စုံ ဖြစ်ချင်တယ်။


မင်းဘယ်အရပ်ကိုသွားသွား 

မင်းနောက်က တဖ၀ါးမခွာ အရိပ်လိုတွယ်ကပ်

မျက်လုံးလေးတစ်ချက်အဝေ့နဲ့တင်

မင်းဆန္ဒတွေပြည့်စေဖို့ ဖြည့်ဆည်းပေးချင်ပေမယ့်


ကိုယ့်အချစ်ရိပ်အောက်မှာ မပျော်လိုသူအတွက် 

သွားလိုရာ သွားစေတော့ရယ်လို့

ပြုံးပြုံးလေးသာ ကြည့်နေမိရဲ့....


နှလုံးသားဒဏ်ရာအပြည့်နဲ့

အရာရာ ရှုံးနိမ့်နေခဲ့သူမို့

အနိုင်ယူလိုသူတွေ ပျော်ရွှင်ကြစေဖို့.....



အားလုံးနဲ့ ခပ်ခွာခွာ 

အမှောင်ကမ္ဘာမှာ 

ကိုယ်တစ်ယောက်ထဲတိတ်တိတ်လေးသာ....



ကြားဖူးပါရဲ့..

နာက်ဆုံးစကားလေးတစ်ခွန်းက

ဖူးစာဆိုတာ ဦးရာလူတဲ့လားကွယ်။။။။။။။။




photo credit: Google

တစ်နေ့ကျရင်

တစ်နေ့ကျရင်
ငါ့ဘ၀ကို ငါကိုယ်တိုင်ပဲ့ကိုင်လို့
ငါ့လမ်းငါလျှောက် မိဘနေရာလည်း
ရောက်ချင်ရောက်ရလိမ့်မယ်။

တစ်နေ့ကျရင်
ငါ့အသက်တွေ ကြီးရင့်လို့
ငါအလေးထား လေးစားရတဲ့ လူကြီးနေရာလည်း
ရောက်ချင်ရောက်ရလိမ့်မယ်။

တစ်နေ့ကျရင်
ဆံဖြူသွားကျိုး အသားမတိုးတော့တဲ့
ပိန်ကုံးချိနဲ့ မလေးစားဖွယ် အဖွားအရွယ်လည်း
ရောက်ချင်ရောက်ရလိမ့်မယ်။

တစ်နေ့ကျရင်
မိသားစုကို အရေးထား မိဘကိုလေးစားသကဲ့သို့
ငါ့အနာဂတ်တွေက ငါ့အပေါ်တူညီတဲ့ရောင်ပြန်
ပေးချင်လည်းပေးကြလိမ့်မယ်။

တစ်နေ့ကျရင်
ငါမုန်းမိတဲ့ မိဘကိုမလေးစား မိသားစုကိုအရေးမထားတဲ့
အနာဂတ်မျိုးကိုလည်း
ပိုင်ဆိုင်ချင်ပိုင်ဆိုင်ရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။
တစ်နေ့ကျရင် ငါဘယ်လိုဘ၀မျိုး
အနာဂတ်မျိုးကိုပဲ ရခဲ့ရခဲ့

ကိုယ့်ခန္ဓာကိုယ်သယ်
ကိုယ့်ဦးနှောက်ကိုယ်ပိုင်
အသိဥာဏ်တွေ မယွင်းပျက်
အဘယ်သူကိုမှ ကိုယ့်အတွက်
အပူမဆင်းသက်စေမယ့်
အခြေအနေမျိုးနဲ့ပဲ

လူ့လောက က ပြန်ထွက်သွားချင်တယ်။

```သစ်ခြောက်ပင်အောက်ထင်းမကောက်ချင်သူ```


ပွင့်ပွင့်လင်းလင်းဝန်ခံရရင်တော့ ကိုရွာသားရဲ့ကဗျာလေးခေါင်းစဉ်လေးကိုသဘောကျလို့......စိတ်ကဘယ်လိုဖြစ်လာတယ်မသိ

ဒီကဗျာလေးက ၃မိနစ်အတွင်းထွက်လာတယ်။

အဲဒါနဲ့ပျောက်သွားမစိုးလို့တင်လိုက်တယ်။နောက်မှလိုတာပြန်ဖြည့်မယ်ပေါ့။
ခုတော့ဖောင်ဒေးရှင်းနဲ့လွှတ်လိုက်မယ်။။အားမှ မိတ်ကပ် နှုတ်ခမ်းနီ ပါးနီလေးတွေဆိုးမယ်လေ။ :)


သစ်ရွက်ရယ်တခြောက်ခြောက်
တဖြောက်ဖြောက်ရယ်ကြွေ

ပင်ယံကိုမော့ကာကြည့်တော့
ကိုင်းခြောက်တွေ ..ဝေ

အခက်ရယ် မခိုင်တော့ချင်သမို့...
ပင်မြင့်ကိုလေပင့်ရင်ပ..
ဂျိုးဂျွတ်ရယ်မြည်သံပေးလို့ မြေထက်မှာကြွေ..

ပင်အောက်ရောက်လေတော့
တုံးလုံးရယ်မြေမှာခ ရတဲ့
ထင်းခြောက်ရယ်လေ..

အရိပ်ရယ်စိမ်းစိုစဉ်က..
တခေါက်တလေ ခိုနားဖူးပေမယ့်...

အရွက်တုံးကာ ပင်ပျိုဆုံးတော့.
ကိုင်းခက်ကိုဖြို...
လိုရာကိုသုံးသူအတွက်...

တစ္ဆေရယ်အစဉ်ခြောက်.....
သူအီးပေါက်မှာကြောက်သမို့...
အမေရယ်......
ထင်းမကောက်ချင်ဘူး.....:P

အကိုတော်ရွာသားလေးရဲ့မူရင်းကဗျာကတော့ ဒီလိုပါ။


”သစ်ခြောက်ပင်”
စိမ်းစိမ်းရယ် မစို
သစ်ခြောက်ပင်အို
....

တောင်ထိပ်မှာ
တစ်ပင်တည်း
ထီးထီးရယ် ကျန်

လေဆန်လည်း
သူမလဲ
လေထန်လည်း
သူမလဲ

အရိပ်ရယ်
မခိုအားတော့
သောင်းသောင်းချီ
ငှက်ပလီဘယ်မနားတယ်
အားကငယ်ငယ်

အနားက
ကလူဆယ်
အကိုင်းခို
တစေ(သရဲ)ခြောက်တောင်
အပန်းပြေ
ငါမကြောက်ပေါင်
ထပ်ခြောက်ပါလှည့်
.....

အကိုတော်ကရှေ့ကလက်နဲ့ရေးး ညီမတော်က နောက်ကခြေနဲ့လိုက်ဖျက်တယ်လို့တော့ အထင်မမှားကြပါနဲ့နော်။ အဲဒိခေါင်းစဉ်ကြည့်ပြီး အဲလိုကြီးကိုရေးလိုက်ချင်စိတ်ပေါက်လာပြီး ၃မိနစ်အတွင်း အဲလိုပေါက်တီးပေါက်ရှာဖြစ်သွားလို့ပါ။ ခွင့်လွှတ်ကြစေကုန်။ ;D