မြို့ကြီးပြကြီးကသူ့ဦးလေးဆီမှာ စာရင်းကိုင်သွားလုပ်တယ်ဆိုတဲ့ မိုးမိုး ရွာကိုခဏ အလည်ပြန်လာတော့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း စကားတွေဖောင်ဖွဲ့ ပြောဖြစ်ခဲ့ကြတယ်။ ကောင်းကင်မှာ ကြယ်ရောင်လေးတွေ တောက်နေတဲ့အချိန်ပေါ့။ “ကြယ်ဖြူလေးတွေလှလိုက်တာ နှင်းနွယ်ရယ်။ ကြယ်တွေကို ရောင်စုံမြင်ရတာများလာတော့ ငါကြယ်ဖြူလေးတွေပဲ ချစ်တတ်ချင်တော့တယ်။” လို့ မိုးမိုးကဆိုလာတယ်။ကြယ်ဆိုတာ အဖြူရောင်ပဲရှိတာပါလို့ နှင်းနွယ် ပြန်ပြောခဲ့တော့...“ကြယ်တွေရောင်စုံရှိတာ နင်တစ်နေ့တော့သိလာမှာ ။ နင်က ကြယ်ဆိုရင် အဖြူရောင်ပဲမြင်ခဲ့ဖူးတာကိုး။ ကြယ်ရောင်စုံ အပြုံလိုက်တွေ့တဲ့ တစ်နေ့ရောက်တော့မှ မိုးမိုးပြောတာ မှန်လိုက်တာလို့ အမောတကော လာမပြောနဲ့နော်။ ငါလဲနင့်ကို ကြယ်ဖြူတွေပဲ မြင်ခဲ့စေချင်ပါတယ်။ ”လို့ မိုးမိုးကဆိုခဲ့တော့ မြင်ချင်လိုက်တဲ့ ကြယ်ရောင်စုံတွေလေ။ ပြောမနေပါနဲ့တော့။ ကြယ်တွေပေါ်တဲ့ ညဖက်တွေဆို အိပ်ခါနီးတိုင်း ရေကပြင်လေးမှာ ထွက်ထိုင် ကောင်းကင်ပေါ်ငေးကြည့်မိပြီးမှ အိပ်ရာဝင်တတ်တဲ့အထိ။ ဒါပေမယ့် နှင်းနွယ်မြင်ခဲ့ရတာတော့ကြယ်ဖြူလေးတွေပါပဲ။ ကြယ်ရောင်စုံလေးတွေရယ် မြင်ချင်လိုက်တာ။ ဘယ်တော့များမှ မြင်ရမှာပါလိမ့်။
မိုးမိုးကမြို့မှာနေလို့ ကြယ်ရောင်စုံမြင်ရတာဖြစ်မယ်။ ငါသာမြို့ရောက်ရင် မိုးမိုးလို မြင်ခွင့်ရလာမှာပေါ့ လို့လဲ စိတ်ကိုတင်းထားလိုက်တယ်။
“ဘွားရေ...နှင်း အထက်တန်းအောင်ရင်တော့ မြို့ကိုပို့လို့ကျောင်းထားပေးနော်။ နှင်း ကြယ်ရောင်စုံတွေမြင်ချင်လို့ပါ” လို့ န၀မတန်းမှာတောင်းဆိုခဲ့တော့ နားမလည်နိုင်တဲ့မျက်နှာပေးနဲ့ အဘွားက ငေးကြည့်တယ်။ “ကြယ်ရောင်စုံတွေတော့ ငါနားမလည်ပါဘူးအေ။ အထက်တန်းအောင်ရင်တော့ ကောလိပ်တက်ဖို့ မြို့လွှတ်ရမှာပေါ့အေ့” လို့ပြောင်းဖူးဖက်ဆေးလိပ်ခဲရင်းပြောတော့ နှင်းနွယ် စိတ်ကူးတွေယဉ်လို့ ရင်များတောင်ခုန်ချင်ချင်။ ကြယ်ရောင်စုံတွေတွေ့ရတော့မယ်လေ။
တကယ်တမ်း မြို့ကိုရောက်တော့ အဆောင်နေ ကျောင်းသူဘ၀နဲ့ တိုက်အထပ်ထပ် ပိတ်သွယ်နေတဲ့ မှောင်ကုတ်ကုတ် အခန်းကျဉ်းလေးထဲမှာ နေရင်း ကြယ်ဖြူလေးတွေကိုတောင် ကြည့်ဖို့ အခွင့်မသာခဲ့။ မိုးမိုးရယ် နင်ပြောတဲ့ ကြယ်ရောင်စုံ ငါဘယ်တော့မြင်ရမှာလဲ။
ဒုတိယနှစ်စာမေးပွဲအပြီးမှာတော့ မအောင့်အီးနိုင်စွာဘဲ မိုးမိုးကိုဖုန်းဆက်မိတယ်။ “မိုးမိုးရေ..ငါရန်ကုန်ရောက်တာ ၂နှစ်ပြည့်ပြီ။ နင်ပြောတဲ့ကြယ်ရောင်စုံငါမမြင်ရသေးဘူး။ ကြယ်ရောင်စုံမြင်ချင်တာ ငါ့ဆန္ဒလေ။ ကြယ်ရောင်စုံမြင်ချင်လို့ ဘယ်လိုများလုပ်ရပါ့။ ငါ့ကိုပြောပြပါဦး။”
“ကြယ်ရောင်စုံတွေကို ငါ့ပယောဂကြောင့်တော့မမြင်စေချင်ဘူး မိနှင်းရယ်။ မမြင်ချင်ပါနဲ့”
ကြယ်ရောင်စုံမြင်ချင်စိတ်က ပြင်းပြနေတော့လဲ မိုးမိုးကိုအကျပ်ကိုင်မိတယ်။
“ငါကြယ်ရောင်စုံဆိုတာကို မသိခဲ့ဘူး။ သိအောင်နင်ပဲပြောခဲ့တာလေမိမိုးရယ်။ နင့်ကြောင့်ငါမြင်ချင်လာတာလေ။ နင်ပြပေးသင့်တာပေါ့” လို့ရန်တွေ့သလိုပြောမိတော့ မိုးမိုးက ဟက်ဟက်ပက်ပက်ရီတယ်။
“အေးပေါ့ဟယ်။ ငါကအရူးထပြီးပြော။ နင်ကအရူးထပြီးယုံ။ တယ်လဲဟုတ်တဲ့သူငယ်ချင်း ၂ယောက်။ ငါလဲငါ့စကားနဲ့ငါ ။ နင့်ကိုကြယ်ရောင်စုံပြရတော့မှာပေါ့။ ဒါပေမယ့် ခုတော့မဟုတ်ဘူး။ ငါလဲမအားသေးတော့ နင်ကျောင်းပြီးမှ ငါပြမယ်နော်” တဲ့။
ဟုတ်ပါပြီ။ နှင်းနွယ်ကျောင်းပြီးရင် ကြယ်ရောင်စုံလေးတွေမြင်ရတော့မှာပေါ့။
နှင်းနွယ်တို့အဆောင်ရှိရာလမ်းမှာ အင်တာနက် ဆိုင်ရှိတော့ နှင်းနွယ်လဲ လူငယ်ပီပီ အင်တာနက်လေး သုံးစွဲတတ်လာတယ်။ အဘွားတို့ အမေတို့ရဲ့ ချွေးနည်းစာနဲ့ ကျောင်းတက် နေရသူမို့ အလွန့်အကျွံလည်း မသုံးစွဲဖြစ်ပါဘူး။ တစ်လမှ တစ်ခါလောက် ဦးနှောက်အပန်းဖြေရုံသက်သက်သာ သုံးဖြစ်ခဲ့တယ်။ တစ်နေ့တော့ Facebook မှာ စာရေးဆရာတစ်ယောက်ရေးထားတဲ့ ပို့စ်တစ်ခုကို ဖတ်မိတယ်။ တချို့သော နိုင်ငံရပ်ခြားကို ရောက်နေတဲ့ မြန်မာမိန်းကလေးတွေ ပျက်စီးကုန်ကြပြီတဲ့။ ဒီတော့လဲ နှင်းနွယ်အတွေးတိမ်မိပြန်သည်။ ထိုနိုင်ငံကိုရောက်လို့များ သူတို့တွေပျက်စီးကုန်ကြသလား။
ဒီလိုနဲ့ စာမေးပွဲတွေအကုန်ပြီးတော့ မိုးမိုးကိုထပ်ရစ်မိပြန်သည်။ “နင်ပြောထားတာနော် ငါ့ကိုကြယ်ရောင်စုံပြတော့”
“အင်းလေ ...နင်ဒီလောက်ကြည့်ချင်နေမှတော့ နက်ဖြန်ညနေ ၇နာရီလောက်ငါ့ဦးလေးဆိုင်မှာငါ့ကို စာရင်းတွေကူတွက်ပေး။ ပြီးရင်ငါတို့အိမ်မှာပဲ ငါတို့ညီအမတွေနဲ့အတူတူအိပ်”
~~~~~~သဘောတူညီမှုရပြီးတော့နှင်းနွယ်အတော်ပျော်သွားတယ်။ ကြယ်ရောင်စုံတွေကြည့်ရတော့မယ်လေ။~~~~~~~
မိုးမိုးတို့ဆိုင်ကိုရောက်တော့ နှင်းနွယ်အတွက်တော့အရာရာဟာ အသစ်အဆန်း။ ရင်တထိတ်ထိတ်။ အရက်သောက်သူတွေအမူးလွန်ပြီးရမ်းကားမှာလဲစိုး။ သီချင်းဆိုသူကောင်မလေးတွေအပြန်မိုးချုပ်လွန်းမှာလဲစိုး။ စိုး..ပေါင်းများစွာနဲ့ ည၁၁နာရီ ဆိုင်ပိတ်ချိန်ကိုရောက်လာခဲ့တယ်။
အတွေ့အကြုံအသစ်အဆန်းအနေနဲ့ အရာရာကို တစူးတစမ်းလိုက်ကြည့်နေမိတဲ့ နှင်းနွယ်မျက်ဝန်းထဲကို ကောင်မလေး ခပ်ငယ်ငယ်တစ်ယောက်နဲ့ အန်ကယ်လ်ကြီးတစ်ဦး တစ်ဦးနဲ့တစ်ဦး ခါးဖက်ပြီး ထွက်သွားတာတွေ့တော့ မျက်ဝန်းတွေတောင် ပြူးကျယ်သွားမိတယ်။ ခုနက ဒီကောင်မလေး သီချင်းဆိုကောင်းလို့ သဘောကျမိသည်ပဲ။
ပြီးတော့ ၂ယောက်သား ရပ်ထားတဲ့ ကားအကောင်းစားတစ်စီးပေါ် ရယ်မောစွာနဲ့ တက်သွားတော့ မိုးမိုးဖက်ကို အလန့်တကြား လှည့်ကြည့်မိတယ်။
မိုးမိုးက
“ကဲဘယ့်နှယ်ရှိစ မိနှင်း နင်ကြည့်ချင်တဲ့ကြယ်ရောင်တစ်လုံးတော့တွေ့ပြီမဟုတ်လား။ တကယ်တော့ ခုန နာရီိပိုင်းအတွင်းကပဲ သူတို့ကိုတောက်ပတဲ့ကြယ်စင်လေးတွေအဖြစ် နင်မြင်လိုက်ရသေးတယ်မဟုတ်လား။ သူတို့ဟာ တောက်ပတဲ့ ကြယ်လေးတွေအဖြစ် စင်ပေါ်မှာ လှပနေခဲ့တယ်လေ။ လှပတဲ့ အရောင်စုံလေးတွေပဲ မဟုတ်လား။ သူတို့ဟာ သူတို့မိသားစုအတွက် မတောက်ပချင်ဘဲ တောက်ပနေကြရတဲ့ ကြယ်လေးတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်...သူတို့သဘာဝကိုက တောက်ပချင်လွန်းလို့တောက်ပနေတဲ့ ကြယ်လေးတွေ ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သူတို့ကိုငါကတော့ ကြယ်ရောင်စုံလေးတွေလို့နာမည်ပေးထားတယ်။ ရာင်စုံတွေအများကြီးရှိပါသေးတယ်လေ။
ဟိုဖက်ကိုကြည့်လိုက်” တဲ့။
ဟုတ်ပါရဲ့ ။ ဟိုမှာသည်မှာ ..သည်မှာဟိုမှာ။ အိုးး...ကြယ်ရောင်လေးတွေစုံလို့ပါလား။
ဟိုစာရေးဆရာရေးပြသလိုပဲ......သူပြောတဲ့နိုင်ငံမှာလဲရှိရဲ့.။ ကိုယ်နေတဲ့ အမိနိုင်ငံမှာလဲရှိရဲ့။ သူမပြောသွား သလို ကိုယ်မနေဖူးတဲ့နိုင်ငံတွေမှာလဲ ရှိမှာပဲလေ။ တကယ်တော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစိတ်နဲ့ ဘ၀ပေးအခြေအနေပေါ်သာမူတည်ပါလား။ ဘယ်နိုင်ငံဘယ်ဒေသရယ်မှ မဟုတ်.....ကြယ်ရောင်စုံလေးတွေကို နှင်းနွယ်တို့ မြင်တွေ့နိုင်ပါလားလို့ တွေးတောမိခြင်းရဲ့နောက်မှာတော့ နှင်းနွယ်လဲ ကြယ်ရောင်စုံလေးတွေကို မတွေ့ချင်တော့ပါဘူးလေ။ နှင်းနွယ်တွေ့သမျှဟာ ကြယ်ဖြူလေးတွေသာ ဖြစ်ပါစေတော့ရယ်လို့ ဆုတောင်းမိတော့တယ်။
(၀န်ခံချက်။ ။ သူငယ်ချင်းရဲ့ဓာတ်ပုံလေးကို သဘောကျမိတဲ့အတွက် စိတ်ကူးထဲက ထွက်လာခဲ့တဲ့ ခပ်ရိုးရိုး ပို့စ်တစ်ပုဒ်ပါ)
22 comments:
ကောင်းကင်မှာ ကြယ်ဖြူလေးတွေပဲ များပါစေ..
ကြယ်ရောင်စုံလေးတွေက ..မတောက်ပချင်ပေမယ့်လည်း အစွမ်းကုန်တောက်ပကြရတယ်... ခဏတာအတွက်တောက်ပကြရတာ နှမြောစရာလေးတွေနော်...
ချစ်မရေ...
ကြယ်ဖြူလေးတွေပဲ ရိုးသားပြီး အပစ်ကင်းပါတယ်နော်
တော်ပီ ကြယ်ဖြူလေးတွေကိုပဲ အမြဲမြင်ချင်တယ်း)
စာတွေရေးပါဦး မမရေ ...
မကြာကြီးတော့ ပစ်မထားနဲ့လေ
နှင်း
ှSunny, Zue & Hnin
လာလည်တာကျေးဇူးပါနော်း)
အားလုံးပဲပျော်ရွှင်ဖွယ်ကောင်းသော
နှစ်သစ်ကိုပိုင်ဆိုင်နှိုင်ကြပါစေ
သူငယ်ချင်းလေး စာပြန်ရေးနိုင်တာ အရမ်းဝမ်းသာတယ်။
စာကောင်းကောင်းလေးတွေ ဖတ်ရတဲ့အတွက် ကျေးဇူး။
နှစ်ကူးမှာ ပျော်ရွှင်ပါစေ သူငယ်ချင်းလေး။
သူငယ်ချင်းလေး မယ်ရေ
ကျေးဇူးပါနော်။
ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေး)
ဒီစာလေး ကြိုက်တယ် ညီမ၊
ကြယ်ဖြူလေးတွေ အမြဲ တွေ့နိုင်မဲ့ ပျော်စရာ နှစ်သစ် ဖြစ်ပါစေ ပိုင်ပိုင်....း)
ခပ်ရိုးရိုးပေမဲ့ အဓိပ္ပါယ်အများကြီးပါတဲ့ အရေးအတွေးပါပဲ၊ မရောက်တာကြာလို့ နူတ်ဆက်ပါတယ်၊ နေကောင်းကျန်းမာပါစေ။
ကြယ်ကလေးတွေ တဲ့လား..
အင်း.. တစ်ချို့ကလည်း ဘဝပေးအခြေအနေကြောင့် မတောက်ပချင်ပဲ တောက်ပရတာပေါ့နော်..
Happy New Year!!
Hi
Happy New Year
mmzh
WISH YOU A HAPPY NEW YEAR
Happy New Year
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......
ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ-
ကြယ်ဖြူတွေအများကြီးအများကြီးတောက်ပကြပါစေဗျာ-
ပြောက်နေတယ်နော်-ဘာတွေလုပ်နေတာလဲ-
အဲဒီ့ ကြယ်ရောင်စုံလေး တွေ အတွက်တော့ စိတ်မကောင်းဘူး..အမရေ..
နှင်းနွယ် နာမည်လေးယူထားတာလည်းလှတယ်၊
ကြယ်ရောင်စုံစိတ်ကူးလေးကလည်း လှတယ်၊
ကြည်ဖြူရေ .. တွေးတတ် ရေးတတ်တဲ့ အနော်လေး
အလုပ်တွေမပိ .. စာတွေမဖိပဲပျော်ရွှင်ပါစေ
ချစ်တဲ့
ဝတ္ထု လာဖတ်တယ်... အဆင်ပြေပါစေ
အတွေ့အကြုံတွေနဲ့အတူ ရသမြောက်စွာ ထပ်ရေးနိုင်ပါစေ
တကူးတကလာသတင်းမေးတဲ့အတွက် အထူးကျေးဇူးပါနော်။ နေကောင်းပါတယ်။ ခဏလေးပျောက်နေချင်လို့။
သူငယ်ချင်းလေးလည်း အထူးပျော်ရွှင်ပါစေ။
လင့်ချိတ်ထားလိုက်ပါတယ်
စာတွေတနင့်တပိုးကြီးကိုဖတ်ရှုသွားပါတယ်ခင်ဗျား) ဆက်လက်အားပေးလျှက်....
ကြည်ဖြူ စာမရေးတာ (၄)လတောင် ရှိသွားပြီနော် ။
Post a Comment