ကိုယ့်လိုပဲ တုတ်ထိုးတမ်းတနေတဲ့ မွားစေးအကီးကြို ကလူထွင်းလဲ အာသာပြေစေချင်တာကြောင့် (ပိုဆိုးလာရင်တော့ ဒုက္ခနော် :D )
ဝက်သားသိပ်ကြိုက်တဲ့ ကိုယ့်ကိုယ်ကိုလဲ ချစ်လွန်းလို့ဆန္ဒဖြည့်ဆည်းချင်တာကြောင့် ဒီနေ့တော့ဖြိုသလစ်ဝက်သားနှပ်။ :P
ဖြိုသလစ်ဆိုမှ တကယ့်ကိုဖြိုသလစ်။ ဈေးသွားဝယ်တော့ အစုံမရဘူး ၅မျိုးပဲရတယ်။ ရတာနဲ့ အမြန်ချက်ရတယ်။ အမတော်ဒီနေ့နားတော့စာမလုပ်တဲ့ကိုယ့်ကို ကြည့်မရဘူးလေ။ စာမကျက်တဲ့အကြောင်းလဲရန်ကုန်မှာ သတင်းအတော်ပျံ့နေတော့ရာဇသံတွေက ၀င်လာမစဲတသဲသဲ။ ဖုန်းတမျိုး။ အီးမေးလ်တဖုံ။ စာတတန်ပေတတန်နဲ့ဆိုတော့ အမြီးကုပ်နေရတယ်။
အဲဒိတော့ တပ်သုတ်ရိုက်ချက်ပြီးတော့ ပန်းကန်ထဲခပ်မြန်မြန်ထဲ့။ ဒါနဲ့ပဲမသေမသပ်ဖြစ်နေတဲ့(အနားမှာဟင်းရည်နည်းနည်းပေနေတယ်လေ) ပန်းကန်နဲ့ပဲ ဘယ်သူမှမမြင်အောင်တိတ်တိတ်လေးအမြန်ရိုက်ပြီး
ဝက်သားကြိုက်တဲ့ပရိသတ်ကိုတင်ဆက်လိုက်ရတော့တယ်။ ဒါပေမယ့်ဝက်သားကြိုက်သူအချင်းချင်းရဲ့ခံစားချက်ကိုတော့သိနေတယ်။ အဲဒိလိုပန်းကန်အနားမှာပေနေလဲ ကိစ္စမရှိ။ အဲဒါစားလို့သိပ်ကောင်းတဲ့အဆီအနှစ်တွေပြည့်နေတဲ့ဟင်းရည်...နော်..... :)။ ဒီစာကိုအမတော်ရေချိုးနေတုန်း အမြန်ရေးတင်လိုက်တာ။ မပြည့်စုံရင်ခွင့်လွှတ်ကြစေကုန်။
ကျောင်းစတက်ထဲက စာတစ်လုံးတောင်မကျက်သေးတဲ့ ငပျင်းတုံးလုံးကို သူသာမက တစ်အိမ်သားလုံးကသိပ်မကြည်တာမို့ ပြီးရင်တော့ ဖြိုသလစ်ဝက်သားနှပ်နဲ့ လာဘ်ထိုး မျက်နှာချိုသွေးရဦးမယ်။
:) :D :P
စာအကြွင်းအကျန်။ ကိုရွာသားကဘာလို့သတ်ချင်လဲတော့သိဘူး။ ဟဲဟဲ။ သတင်းထောက်စိတ်နဲ့မှန်းကြည့်ရင်တော့ ၂ချက်ရတယ်။ စာမကျက်လို့သတ်ချင်သလား ။ (သို့) သူ့ကိုမဖိတ်လို့သတ်ချင်သလား တထုထုတော့တထုထုပဲ။ ခေါင်းကျိန်းတယ်။ခေါ်မိဘူး။အဟဲ။။ :D ;P
13 comments:
ဘလော့ဂ်လဲဖတ်၊ စာလည်ကြည့်ပေါ့၊
ရတနာဦးမြင်ရင် ညီမ ကြည်ဖြူကို အလွမ်းပြေပါတယ်။
ခေါင်းစဉ်မှာ ဖြည့်လိုက်ပါ
ကိုရွာသားက သတ်ချင်သလေလို့
ဟင်းးးးးးးးးး ဒီရွာသားကတော့ ဘာတွေ ဖြစ်နေသတုန်းနော်..
ဝက်သားဟင်းကြီး စားချင်စရာကြီး ညီမလေးရေ။
လောလောဆယ် ၀က်သားတုတ်ထိုးစားချင်ပြန်တယ်လေ။ဟိ
ညီမလေးဘလော့ဂ်ရောက်တော့ တုတ်ထုးသတိရသွားတာ... မမက လျှာနဲ့ အူပိတ် အရမ်းကြိုက်တာ။း))
မမ၀ါ
ဖြိုသလစ် ၀က်သားနှပ်လေးက စားချင်စရာလေး။ ချက်နည်းလဲ ရေးပါအုံး။ ဒီက၀က်တွေက နံလို့ မနံအောင် လုပ်နည်းလေး ရှိရင်လဲ ပြောပါနော်။
ဖြိုသလစ်နည်းကတော့ နာမည်နဲ့လိုက်အောင်
အရမ်းလွယ်တယ်
ဝက်ကလီစာတွေ
ဝက်သားတွေကိုယ်ကြိုက်ရာဝယ်ပြီး
ရေစင်အောင်ဆေး (နဂိုထဲကသန့်ပြီးသားပါ။ မသိလ္လာစိုးစတိုင်လ်လေးလုပ်ကြည့်တာ ;) )
ပြီးရင်ရှာလကာရည်နဲ့ညှီနံ့ပျောက်အောင်
နယ်ပြီးထပ်ဆေး (အနော်ကတော့အချဉ်မကြိုက်လို့ ပြီးရင်အဲဒိရှာလကာရည်တွေကို ပြန်ဆေးချတယ်။)
ဆေးပြီးသားဝက်သားကို ခရုဆီ (ဟင်းရည်သောက်ဇွန်း) ၂ဇွန်းခွဲလောက်။ ပဲငံပြာရည်ကိုယ်ကြိုက်သလောက်။ ဆားအသင့်တင့်။ အချိုမှုန့်ပါတယ်ဆိုရုံ။ သကြားနည်းနည်းများ။ ငရုတ်ကောင်းလေးဖြူး။ ပြီးတော့ဂျင်း။ကြက်သွန်နီ။ကြက်သွန်ဖြူ ရောထောင်းထားတာလေးနဲ့နယ်။ ပြီးတာနဲ့ ဆီလေးပိစိကွေးနဲ့ ရေမြုပ်ရုံထည့်ပြီးထမင်းပေါင်းအိုးထဲထည့်ပြီး ပစ်ထားလိုက်တော့တာပဲ။ ၄၅မိနစ်လောက်ကြာရင်တော့အဲဒိ
ဝက်သားကနူးအိမွှေးကြိုင်နေပြီ။ လုံးဝကိုအလုပ်မရှုပ်တာ။ ကြက်သွန်နီဖြူဂျင်းကိုလဲ အလုပ်ရှုပ်မှာစိုးလို့ ကြိတ်စက်နဲ့ပဲကြိတ်လိုက်တယ်။
လုပ်စားကြည့်နော်။ ပြီးရင်လဲဖိတ်ကျွေးဦးနော်။
ဝက်သားဆိုအရမ်းကြိုက်တာ။ ဟားဟား
လုပ်စားကြည့်ဦးမယ် .. တကယ်စားချင်သွားတယ် .. :D
အားပါးပါးးး
မနက်စောစောကြီး လာကြည့်မိတာ၊ ဒီနေ့တနေ့လုံး ဘာစားစား တိုးတော့မယ် မထင်ဘူး။
ပါးစပ်ကို ပလပ်ပလပ်လုပ်ပြီး ပြန်သွားပြီ။
ကျေးဇူးပါ ညီမလေးရေ..
တော်သေးရဲ့သိတ်မကြိုက်လို့။
ပုံတွေကြည့်ပြီးစားချင်တယ်
ငါ့အတွက်မပါလို့ မစားသွားတော့ဘူးဟာ
စိတ်တိုတာနဲ့ ပန်းကန်လိုက်ပဲ ပြန်သယ်သွားလိုက်တော့တယ်။
ခြေလေးချောင်းနဲ့ ကင်းအောင် နေမယ်ဆိုပြီး ကုတင်ပေါ်မှာတောင် မအိပ်တော့ဘူးဟ နင့်ဟင်းတွေကြည့်ရတာ သမာဓိ ပျက်ချင်လာပြီ
ခေါ်ပဲနဲ့ ဟိုနေ့ က ဖေ့ဘွတ်မှာ တွေ့ထဲက စားချင်တာ...း)
ဝတာလဲ မပြောနဲ့လေ...
ဆီတွေကို ရွှဲနေတာပဲ...
(မနာလို၍ ရန်စသွားသည်)
းဝ)
ဟင်းချက်နည်းအသစ်လေးရတာပေါ့။ ကျေးဇူးပဲ။
Post a Comment