ဒါကဖေဖေ သာမက ဆုံးသွားပြီဖြစ်တဲ့ကြီးမေကြီးလဲသိပ်ကြိုက်တဲ့ ဟင်းနုနွယ်ရွက်ကြော်
ဒီလိုကြက်ရိုးနဲ့ရောချက်ထားတဲ့ ကန်စွန်းရွက်ချဉ်ရည်ဟင်းကတော့ ဒေါ်ကြီးနဲ့ ကွန်လွန်သူကြီးမေလေးတို့ ခံတွင်းတွေ့လေ့ရှိတယ်။
ကြက်ဟင်းခါးသီးအစာသွပ်..မေမေနဲ့မမကြီးအရမ်းကြိုက်တာပေါ့။
ကြက်သားဆီပြန်...ကိုကြီးကအဲလိုလေးတွေချက်ရင်ကြိုက်တတ်တယ်။
ဒီဟင်းလေးကတော့တစ်အိမ်သားလုံးကြိုက်သပေါ့ကွယ် :)
ချိုချဉ်ကြော်ကိုတော့ကိုလေး အရမ်းကြိုက်တာ။
ကြည်ဖြူပိုင်ကြိုက်တဲ့ဟင်းရော ?
“ဟင့်အင်း....မပါဘူး။ သူတို့ကိုလွမ်းလို့သူတို့ကြိုက်တဲ့ဟင်းချက်စားတာလေ။ သူတို့ ကိုယ့်ကိုလွမ်းရင် ကိုယ်ကြိုက်တဲ့....
ဝက်သားနှပ်စားကြပေါ့။ ရန်ကင်းကြေးအိုးခဏခဏ၀ယ်သောက်ပေါ့။ ရခိုင်မုန့်တီဆိုင် နဲ့ တုတ်ထိုးဆိုင် ခဏခဏထိုင်ပေါ့။
ပြီးတော့ ဖာလူဒါနို့်ပေါင်းဝယ်သောက်ကြပေါ့။.ကြာဇံချက်ခဏခဏချက်စားပေါ့။မကြာခဏပူတင်းဖုတ်စားပေါ့။
ပြီးတော့....စာအုပ်လေးဘေးချပြီးအိပ်ပေါ့..အလွမ်းတော့နည်းနည်းပြေလိမ့်မယ် .......”
21 comments:
သူလဲ ဖြစ်သလို စားနေရရှာတယ်...
ပြောတော့ အိမ်ခဏခဏ လွမ်းတာဆို....
အဲဒီလို လွမ်းတိုင်းသာ ချက်စားနေရင်
ကြည်ဖြူပိုင်ကနေ
“ကြည် ပူ ဖြိုင်” ဖြစ်တော့မယ် ထင်ရဲ့...
းဝ)
ဒီနေ့ညနေခင်း ကြာဇံချက်မလို့၊
ဒါပေမယ့် နှစ်ယောက်စာပဲ ၀ယ်ထားမိတယ်။
:)
စာပြန်ရေးချင်ရင်
apyonepan@gmail.com ကို ရေးနော် ညီမလေး။
ငါလည်းအဲဒီလိုလွမ်းချင်လိုက်တာ သယ်ရင်းရား(
နောက်တစ်ခါ အိမ်လွမ်းမယ်ဆိုကြိုပြောနော် ကြည်ဖြူ။
ကျွန်တော် အိမ်လာလည်မယ်။ တစ်ယောက်တည်းဆို
ပျင်နေမှာ ဆိုလို့ပါ ဟဲဟဲ
သူလွမ်းပုံကလည်း .. တမျိုး .. ကြည့်ပီး ဗိုက်တောင်ဆာလာတယ် လွမ်းတာကို နာတာနဲ့ဖျောက်ဆိုတဲ့စကား ခုတော့ လွမ်းတာကို ဆာတာနဲ့ဖျောက်ဆိုသလိုဖြစ်သွားပြီ .. :)
မလွမ်းရဲသေးဘူး ပိုင်ရယ်
ဝမှာကြောက်လို့ပါ။ :P
ညီမကြိုက်တာတွေက အမ ကြိုက်တာတွေနဲ့ ချွတ်စွပ် ပါလား။။
ဝက်သားနှပ်၊ ကြေးအိုး၊ ဖာလူဒါ နို့ပေါင်းးးး အင်းးး သွားရည်သိမ်းပြီး ပြန်မှ ပြန်မှ..။
မမရေ စားတဲ့ ထမင်းစားပွဲလေးက ဟင်းတွေစုံလို့ပါပဲ ကောင်းလိုက်တာဗျာ
ငါ့အမ သနားပါတယ်နော် ဖြစ်သလိုစားနေရရှာတယ် အဟက် နဲနဲကျွေးအူးးးးးးး
ဝက်ဝံလေး
သူများတွေ အိမ်လွမ်းတာ ကျပြန်တော့ လည်း အားကျ
စရာပါလားနော်....း)
နောက်တစ်ခါ Home Sick ဖြစ်ရင် အခေါ်ဖိတ်လိုက်နော် ..း )
ပျော်ပါစေ
*.*.*
ဟင်းတွေကြည့်ပြီးစားချင်တယ်
ဟင်းတွေကလည်း အစုံပါလား.. သွားရေကျလိုက်တာ..
ကြိုက်တဲ့အစားအစာတွေကတော့ အအီစာတွေပါလား။
အိမ်း-----ဒီပုံစံနဲ့တော့ဝက်ပေါက်စလေးအဖြစ်က
ကျွတ်မည်မထင်ဟင်ဟင်ဟင်ဟင်
:D
Nth
Who is Nth?
Anyway!
ဝက်ပေါက်စအဖြစ်က မကျွတ်ချင်ပေါင် ဟောင်ဟောင်ဟောင် ;P
ကြက်ဟင်းခါးသီးကလွဲ ရင် အကုန်စားတယ် ပိုင်ပိုင် ချက်တာတွေ တယောက်ထဲ မကုန် လောက်ဘူး၊ မမကြီး ပြန်မရောက်သေးရင် မမပြာ လာစားမယ်...း)
ကျနော်လည်းစားချင်လိုက်တာဗျာ-
တကယ်ဋ္ဌကီးပြောသွားပါသည်။
သီချင်းကလေးကိုလည်း ၃ ခေါက်တိတိ
နားထောင်သွားပါတယ်-
ကျနော့်ကိုတခါလောက်ဖိတ်လိုက်ပါလားခင်ဗျာ-
လာစားမယ်လေ-
စစ်ကူလာပေးတာ အာဘွား သိန်းသန်းမြောက်များစွာ-
သူပြောမှ မြစ်ချိုဟင်း မှန်းသိတော့မယ်-
ဘယ်တော့ကျောင်းပိတ်မလဲတော့မသိ-
စားရဖို့ ကတော့သေခြာသလောက်ဘဲ-
ဒီစနေဝက်သားနှပ်မယ်ဆို အဲဒီတော့မှ ကိုဂျစ်တူးရယ် ကိုလူထွေးရယ် မမိုးချိုသင်းရယ် မ အနမ်းတို့ လာစားပါစေဟာ။ ငါလည်း ဧည့်မြှောင်လေးပဲ လိုက်လုပ်တော့မယ်း)
လွမ်းတော့လွမ်းပါတယ်
အဲလို ဟင်းတွေမချက်တတ်တာခက်တယ်။
ရက်စက်ပါ့ ချစ်နှမရယ်
း(
အောင်မလေးဗျာ...
မှားသွားတယ် ဗိုက်ဆာနေတဲ့အချိန် ဒီအထဲရောက်လာတာ တော်တော်မှားသွားတယ်ဗျ....
ဗိုက်ဆာပါတယ်ဆိုမှ ဟင်းတွေကလဲစုံနေတာဘဲဗျာ...
ဟေ ဟေ အပြင်မှာသာဆို ဆွဲလိုက်ပြီ အမုန်း........
Post a Comment