Thursday, February 18, 2010

တစ်ပွင့်တည်းသောပန်း

ပင်ပျိုတို့ကြား
ပန်းဖြူရယ်တစ်ပွင့်
ခူးဆွတ်မယ်ဟန်ပြင်ရင်ပ

အားထုတ်လို့စဉ်းစားစမ်းကွဲ့
စိမ်းလဲ့တဲ့ပင်ပျိုထက်မှာ
တိတ်ဆိတ်စွာ ပွင့်လန်းလေတဲ့
အဆိပ်မဲ့တဲ့အဖြူရောင်ပန်းကို
အို....အဘယ့်ကြောင့်များအညှာချိုးချင်ခဲ့တာလဲ

(မှတ်ချက်။ ။ စိတ်အချဉ်ပေါက်လာလို့ရေးမိတဲ့စာပါ။ လူတစ်ယောက်ဟာ လွမ်းဆွေးကြေကွဲရမှ။ ငိုကြွေးပူဆွေးရမှ။ နာကျင်ခံစားသွားရမှ နစ်နာတယ်လို့လူတွေက ယေဘူယျသတ်မှတ်ကြပေမယ့်....မာနကိုအထိပါးခံလိုက်ရရင်ရော? သိက္ခာကို အစော်ကားခံလိုက်ရရင်ရော? အလိမ်ညာခံလိုက်ရရင်ရော? မခန့်လေးစားအလုပ်ခံလိုက်ရရင်ရော? ကိုယ့်ကိုအလွယ်အထင်ခံရရင်ရော? .ခုတမျိုးတော်ကြာတမျိုးဆိုရင်.ရော? .....ရင်ရော? ....ရော? မနစ်နာနိုင်ဘူးလားလို့ တွေးလို့လက်လှမ်းမီသမျှတွေးပြီး မေးခွန်းထုတ်မိတယ်။ ကိုယ်ကိုယ်တိုင်ပဲပြန်ဖြေလိုက်တယ်။ နစ်နာတာပေါ့ သိပ်ကိုနစ်နာတာပေါ့။ သိက္ခာကိုယုံကြည်ကိုးစားသူအတွက်။ လေးနက်မှုကိုကိုးကွယ်သူအတွက်။ အဲဒိ........ရော? တွေခံစားလိုက်ရရင်သိပ်ကိုနစ်နာတာပေါ့။ အညှာချိုးခံလိုက်ရတဲ့ပန်းတစ်ပွင့်လိုပဲ။ နာကျင်မှုဒဏ်ရာဝင်သွားနိုင်တယ်။ဒါကြောင့်....ဘယ်အရာကိုလုပ်လုပ်..ပျော်စေပျက်စေစနောက်မှုက လွဲလို့ဘ၀အတွက်ရည်ရွယ်ပြုလုပ်ချက်တိုင်း သူတပါးကိုမပြောခင် မိမိကိုယ်တိုင်သေချာမှု လေးနက်မှုကို အရင်ရှာဖို့ကိုယ့်ကိုယ်ကို သင်ခန်းစာပေးတဲ့ သင်ပုန်းကျောက်စာ တစ်ချပ်တင်လိုက်ခြင်းရယ်ပါ။ စိတ်မကြည်လင်ချိန်မှာရေးမိတဲ့စာရယ်မို့....လာဖတ်မိသူများကိုလည်းအားနာလှပါတယ်။ ကျမစာများနူးညံ့ပျော့ပြောင်းမှုမရှိပါက နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်ရှင့်)

9 comments:

reenoemann said...

ပြောစမ်း ပြောစမ်း

ဘယ်သူက အညှာချိုးချင်ရတာလဲ

ကိုလူထွေး said...
This comment has been removed by the author.
ကိုလူထွေး said...

ဂလိုလား...
ဒါဆိုရင်တော့ မပြောင်တော့ပါဘူး...

(အပေါ်ကစာကို ပြန်ဖျက်လိုက်ပါပြီ)

Anonymous said...

ဘယ်သူတွေကြောင့် ဘာတွေ ဖြစ်ခဲ့သလဲတော့ မမေးတော့ပါဘူး...

အညှာချိုးခံရတယ် ထင်ရအောက်အောင် ဖြစ်ခဲ့တယ် ဆိုတော့ ညမီရဲ့ ခံစားမှုကို နားလည်ပါတယ်...

ရွာသားလေးဝိုင်တီယူ said...

ကြောက်စ် လို့ပြန်သွားတယ်ခင်ဗျ

reenoemann said...

ပထမ ကောမန့်ရေးတုန်းက ကဗျာသက်သက်ပါ။

ကိုယ့် ကောမန့်ကြောင့်များ အောက်စာတွေက ပါလာ
ရတာလို့ထင်ပြီး လန့်သွာတာပဲ။

ဟူးတော်သေးတာပေါ့။

နွေဆူးလင်္ကာ said...

လူပဲဗျာ .. တခါတလေတော့ စိတ်အချဉ်ပေါက်ခွင့် ရှိပါတယ်။ အားမနာပါနဲ့။ အဲလို ဖွင့်ထုတ်လိုက်တော့လည်း နဲနဲ ပေါ့သွားတာပေါ့ဗျာ။

မြစ်ကျိုးအင်း said...

နင် ဘာတွေဖြစ် ????

စိတ်ထဲရှိနေတာ ရေးလိုက်ရလို့ စိတ်သက်သာရာ ရတယ်ဆိုလည်း မဆိုးပါဘူးဟ

Anonymous said...

ဒီလိုပါပဲ.. ဘဝမှာ ဒါမျိုးတွေလည်း ကြုံလာနိုင်တာပဲ.. ဥပေက္ခာစိတ်ထားလေးသာ မွေးထားလိုက်ပါ..

သိင်္ဂါကျော်